ပထမအချီမှာတင် အောင်လ နိုင်ပွဲရ - BBC News မြန်မာ
ပထမအချီမှာတင် အောင်လ နိုင်ပွဲရ - BBC News မြန်မာ

သိုင်းပေါင်းစုံလက်ဝှေ့သမား အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံက ယူရှင် အိုကာမီတို့ရဲ့ စင်္ကာပူမှာကျင်းပတဲ့ ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲမှာ အောင်လက ပထမအချီ ၁ မိနစ် ၄၂ စက္ကန့်မှာပဲ အနိုင်ထိုးသတ်နိုင်ခဲ့ပါတယ်။ ပွဲစစချင်းမှာပဲ အိုကာမီက အောင်လကို လှဲချပြီး ချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒုတိယအကြိမ်မှာလည်း အလားတူကြိုးစားရာမှာ မအောင်မြင်ဘဲ ကြမ်းပြင်ပေါ် ပက်လက်အနေအထားနဲ့ ခုခံရာမှာ အိုကာမီဟာ အောင်လရဲ့ ဒူးတိုက်ချက်အပြင် ဆက်တိုက်လက်သီးလုံးတွေကို အလူးအလဲခံရပြီးနောက် နောက်ဆုံးမှာ ဒိုင်ပွဲရပ်နဲ့ အောင်လက အနိုင်ရသွားပါတယ်။ ဒီပွဲပြီးတဲ့အချိန် စကားပြောတဲ့အခါ အောင်လက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အလွန်ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း၊ မြန်မာပြည်သူတွေအတွက် သူ ဆုတောင်းပေးနေကြောင်းလည်း ပြောခဲ့ပါတယ်။ နောက်ပြီး အောင်လက သူ့အနေနဲ့ ဘယ်သူနဲ့မဆို ဆက်လက် ထိုးသတ်ဖို့ အဆင်သင့်ပဲလို့လည်း ပြောခဲ့ပါတယ်။ #ဘီဘီစီမြန်မာပိုင်း #အောင်လ #မြန်မာ





Popular Tags

#Kawhi Leonard  #Cleveland Cavaliers  #Thomas Muller  #David Silva  #Derrick Rose  #Stephen Curry  #LeBron James  #Shaquille O'Neal  #Best Football Defending Skills  #Paul Pogba  

Popular Users

#britneyspears  #neymarjr  #jimmyfallon  #mcuban  #josecanseco  #BMcCarthy32  #instagram  #steveaustinBSR  #sportspickle  #CNN  #TheChristinaKim  #selenagomez  #MileyCyrus  #KingJames